ရိုးလတ်မှာနိုင်ပွဲတွေရဖို့ ဘယ်လိုကစားရမလဲ?

ကစားပွဲ

Tips to win Roulette

လောင်းကစား ကစားနည်းတွေထဲမှာ နှစ်ပေါင်းရာချီပြီး ဟိုအရင်ထဲကအခုချိန်ထိ ကစားသူပေါင်းများစွာနဲ့ တည်တံ့နေတဲ့ ကစားနည်းတစ်ခုကတော့ Roulette ဖြစ်ပါတယ်။ ဒီကစားနည်းက ကံတရားပေါ်ကိုပဲလုံးဝမှုတည်နေတယ်ဆိုပေမယ့် ကိုယ့်ရဲ့ Chip ပြားတွေကိုနေရာချမှုဗျူဟာက အရမ်းကိုအရေးပါပါတယ်။ ကိုယ့်ရဲ့ ကစားနည်းဗျူဟာ သာကောင်းမယ်ဆိုရင် အရှုံးနည်းနည်းနဲ့ အမြတ်များများပြန်ထွက်လာနိုင်ပါတယ်။

ဘာလို့လဲဆိုရင် ဒီကစားနည်းက ကစားသူဘက်ကိုလဲ ပြန်ပေးဖို့အတွက် ရေးဆွဲထားတဲ့ ကစားနည်းတစ်ဖြစ်လို့ပါ။ အဲ့တာကိုသာစိတ်ထဲမှာထားပြီးရင် သတိထားရမယ့်အချက်တွေကတော့ ကိုယ့် Limit ကိုယ်သိဖို့၊ အာမခံမှုမရှိ မသေချာတဲ့ဗျူဟာတွေနဲ့ မကစားဖို့ကို သတိထားရပါမယ်။ဒါ့အပြင် ဂိမ်းကစားရန်အတွက် Amount ပမာဏတစ်ခုသတ်မှတ်ပြီးသွားရင် အဲ့ထက်ကျော်ပြီးထပ်မကစားဖို့ကတော့ အဓိကပါပဲ။ ကံကိုယုံပြီးဆူးပုံမနင်းသင့်ပါ။

ဒီနေ့တော့ အရေးအကြီးဆုံးဖြစ်တဲ့လောင်းကြေးနေရာချခြင်း အကြောင်းကိုလေ့လာလိုက်ကြရအောင်!

တကယ့်လောင်းကြေးမတင်လိုက်ခင် Free ကစားဝိုင်းမှာအရင်လေ့ကျင့်ပါ မိမိကစားမယ့် Casino မှာ Free ကစားဝိုင်းရှိလားအရင်ကြည့်ပါ။ ဒီလိုကစားခြင်းက Roulette မှာရှိတဲ့လောင်းကြေးနေရာချနည်း တွေနဲ့ရင်းနှီးသွားစေနိုင်ပါတယ်။ နံပါတ် 36 လုံးကို Column 3 ခုခွဲထားတဲ့ဒီ ကစားပွဲဝိုင်းပေါ်မှာ လောင်းကြေးတွေမျိုးစုံတင်လို့ရပါတယ်။ အဓိကအားဖြင့်ပြန်ခွဲလိုက်ရင်တော့ Inside bet နဲ့ Outside Bet ဆိုပြီးနှစ်မျိုးပဲရှိပါတယ်။

Inside bets ဆိုတာကတော့

အတွင်းဘက်ကနံပါတ်တွေအပေါ်မှာတိုက်ရိုက်တင်ရတဲ့အတွင်းလောင်းကြေးပါ။ နံပါတ်တစ်ခုထဲပေါ်မှာ 1$ တင်ထားပြီးတော့ ဘောလုံးကသာအဲ့နံပါတ်အပေါ်ကျမယ်ဆိုရင် Payout 35:1 ရှိပါတယ်။ ဆိုလိုတာက 35$ + ကိုယ့်လောင်းကြေး 1$ ပါ။ လောင်းကြေးတစ်ခုထဲနဲ့ နံပါတ် ၆ အခုထိအများဆုံးလဲ တင်လို့ရပါတယ်။ အဲ့နံပါတ်တွေကတော့ ပူးကပ်နေတဲ့နံပါတ်တွေဖြစ်ရပါမယ်။

Outside bets ဆိုတာကတော့

အရှုံးပိုပြီးနည်းတဲ့ အပြင်လောင်းကြေးတွေပါ။ စုံကိန်း/မကိန်း ၊ အနီ/အမဲ စတဲ့ ခြုံပြီးတော့ကြည့်တဲ့လောင်းကြေးတွေဖြစ်တဲ့အတွက် တိုက်ရိုက်လောင်းတာထက်ပိုပြီး အန္တရာယ်ကင်းပါတယ်။ သို့ပေမယ့်လည်း သူ့ရဲ့ Payout က 2:1 (သို့) 1:1 သာရှိပါတယ်။ ယခုလောင်းကြေးတွေက စည်းမျဉ်းရဲ့အပြင်ဘက်မှာမှ လိုက်ပြီးတော့သတ်မှတ်ထားတဲ့ လောင်းကြေးတွေဖြစ်တဲ့အတွက် အပြင်လောင်းကြေးလို့ခေါ်တာပါ။ပိုပြီးအနိုင်ရနှုန်းများချင်ရင် Outside bet ကိုအားထားပါ အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ နံပါတ်အပေါ်မှာတိုက်ရိုက်တင်တာထက်စာရင် Outside bet တွေကပိုပြီး ဖြစ်နိုင်ခြေရှိပါတယ်။

  • ဥပမာ “Black” ပေါ်မှာ 1$ တင်ပြီး “Even”(စုံကိန်း) ပေါ်မှာ 1$ တင်ထားခဲ့မယ်ဆိုရင် တကယ်လို့ စုံကိန်းအမဲ (ဥပမာ – 24 Black) ကျခဲ့မယ်ဆိုရင် 2$ payout နှုန်းနဲ့အနိုင်ရနိုင်ပါတယ်။ အကယ်၍ အနီစုံကိန်းတစ်ခုပေါ်မှာကျခဲ့ရင်တောင်မှ အရင်းပြန်ကျေသွားနေပါပြီ။
  • Outside bet မှာဘာတွေပါလဲဆိုရင် …..

    High/low : ဘောလုံးက 1 မှ 18 အတွင်းကျမလား 19 မှ 36 အတွင်းကျမလားဆိုပြီး အနိမ့်အမြင့်လောင်းကြေးပါ။ Payout နှုန်းက 1:1 ပါ။

    Dozens : ဘောလုံးက 1 မှ 12 13 မှ 24 25 မှ 36 အတွင်း ဘယ်ကိုကျမလဲဆိုပြီး ၃ပိုင်းခွဲလောင်းတာပါ။ Payout နှုန်းက 2:1 ပါ။

ကစားပွဲ

Columns : ဘောလုံးက Column ၃ခုခွဲထားတဲ့ထဲကမှ ဘယ် Column ထဲကနံပါတ်ကိုကျမလဲဆိုပြီး လောင်းတာပါ။ Payout နှုန်းက 2:1 ပါပဲ။Payout နှုန်းများချင်ရင် Inside bet အားထားပါအတွင်းဘက်လောင်းကြေးကအမြင့်ဆုံးလောင်းကြေးရှိပေမယ့်လဲ နံပါတ်တစ်ခုထဲပေါ်မှာပဲ စုပြုံပြီးလောင်းတာက အရမ်းအန္တရာယ်များပါတယ်။ အဲ့လိုလောင်းမယ်ဆိုရင် ကိုယ်လောင်းတဲ့နံပါတ်တစ်ခုထဲကိုကျဖို့အခွင့်အရေးက 37 မှာမှ 1 ပဲရှိတာမို့ 2.7% ပဲရှိမှာပါ။ နံပါတ်တစ်ခုထဲပေါ်မှာပဲစုမလောင်းပဲနဲ့ နံပါတ်တွေအပေါ်ခွဲလောင်းပြီးပြန်ရနှုန်းကို မြှင့်တင်နိုင်ပါသေးတယ်။

နံပါတ်ကိုခွဲလောင်းသလောက် Payout နှုန်းကလဲ နည်းပါးလာမှာဖြစ်ပါတယ်။ အနည်းဆုံးတစ်လုံးထဲပေါ်မှာလောင်းရင် 35:1 Payout ရှိပြီးတော့ အများဆုံး 6 လုံးအပေါ်တစ်ခါထဲလောင်းရင် 5:1 Payout ရှိပါတယ်။သင်ကတစ်လုံးတည်းလောင်းရမှာမစွန့်စားရဲလို့ နံပါတ်ကိုသာခွဲပြီးလောင်းမယ်ဆိုရင် ခွဲလောင်းတဲ့နံပါတ်တွေကပူးကပ်နေတဲ့ 12 ကွက်ဆက်တိုက်လေးထောင့်ကွက်ဖြစ်ရပါမယ်။ ထောင့်ကွက် 4 ကွက်ကတော့ ချွင်းချက်ပါ။

တခြားကစားသူတွေရဲ့လောင်းကြေးမဟုတ်ပဲ ဘီးကိုပိုအာရုံထားပါ ကိုယ်ဆော့နေတဲ့ဝိုင်းကိုင်တဲ့သူရဲ့ လုပ်ပုံကိုင်ပုံ၊ ဘယ်အချိန်မှာ ဘီးလည်တယ်၊ ဘယ်အချိန်မှာဘောလုံးကိုဘယ်လိုထည့်တယ်၊ အဲ့လိုထည့်ရင် ဘယ်လိုထွက်နိုင်ချေများတယ်ဆိုတာကို သတိထားဖို့လိုပါတယ်။Roulette ကတခြားကစားနည်းတွေလို ကစားသူအချင်းချင်းပြိုင်ရတာမဟုတ်ပဲ အနိုင်အရှုံးအားလုံးက ဘီးမှာလည်နေတဲ့ဘောလုံးအပေါ်ပဲမှုတည်နေတာမို့ အခြားကစားသူတွေကို အာရုံအများကြီးမထားမိဖို့သတိပြုပါ။

အပေါ်ကပြောခဲ့တဲ့နည်းတွေအတိုင်းသာလောင်းကြေးချရင် ပိုပြီးအနိုင်ရစေနိုင်ပါတယ်။ သတိထားရမယ့်တစ်ချက်က Inside bet ကြီးပဲတောက်လျောက် (သို့) Outside bet ကြီးပဲတောက်လျောက်မလောင်းမိစေဖို့ပါ။ လောင်းကြေးအခြေအနေရယ်၊ ဘီးကကျနေတဲ့ နံပါတ်တွေရဲ့ Trend ဖြစ်မှုအပေါ်လိုက်ပြီး Outside ပဲလိုက်သင့်တဲ့အခါလိုက် Inside ဘက်တင်သင့်တဲ့အခါတင်ပြီးအချိန်မျှ လုပ်တတ်ရပါမယ်။ ဒီလိုသာကစားနိုင်ဖို့က အဓိက Key ပါပဲ။